မြန်မာ့စီးပွားရေးဘဏ်သည် SMEs လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေရယူ၍ SME နှစ်ဆင့် ချေးငွေစီမံကိန်း အဆင့်-၁ (Phase-1)နှင့် အဆင့်-၂ (Phase-2) တို့တွင် စီမံကိန်းစီမံခန့်ခွဲသူ (Executing Agency) အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးဝင်သော SMEs လုပ်ငန်းများ
၂၀၁၅ ခုနှစ် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ-၂ (က)၊ (ခ) တွင် ပါရှိသည့ှ်SME သတ်မှတ်ချက်နှင့် ညီညွတ်သည့် အောက်ဖော်ပြပါ SME လုပ်ငန်းများ ချေးငွေရယူနိုင်ပါသည် -
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးမဝင်သော လုပ်ငန်းများ
(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ
စသည့် လုပ်ငန်းများအား ငွေထုတ်မချေးပါ။
JICA SME နှစ်စဉ်ချေးငွေစီမံကိန်း ချေးငွေထုတ်ချေးခြင်းအတွက် သတ်မှတ်ချက်
၁။ SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေးနိုင်သည့် ငွေပမာဏ အများဆုံးကျပ် (၅၀ဝ) သန်း
၂။ ချေးငွေအား အသုံးပြုရာတွင် သတ်မှတ်ချက်
Fixed Capital အတွက် ၈၀% + Working Capital အတွက် ၂၀ %
၎။ ချေးငွေအတိုးနှုန်း ၁ နှစ်လျှင် ၈.၅ %
၅။ ချေးငွေသက်တမ်း ၁ နှစ် အထက်မှ ၅ နှစ်ထိ
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့်ဘဏ်များမှာ -
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်
JICA SME Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2) တွင် ချေးငွေဂျပန်ယန်း (၁၄၉၄၉) သန်း ချေးယူရန် (၂၂-၂-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးနဝမနေ့၌ အတည်ပြုခဲ့ပြီးဖြစ်ပါသဖြင့် ချေးငွေစာချုပ် (Loan Agreement)) အား (၂၉-၃-၂၀၁၈) ရက်နေ့တွင် ချုပ်ဆိုခဲ့ပါသည်။ ယခုအခါ စီမံကိန်းအဆင့်-၂ အကောင်အထည်ဖော်ဆောင်ရွက်ရန် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်း Participating Financial Institutions(PFIs) ဘဏ်များအဖြစ် (၁)
မြန်မာနိုင်ငံသားများဘဏ်၊ (၂)ကမ္ဘောဇဘဏ်၊ (၃)မြန်မာ့စီးပွားရေးဘဏ်၊ (၄) သမဝါယမဘဏ်၊ (၅) ဧရာဝတီဘဏ်၊ (၆) ပထမပုဂ္ဂလိကဘဏ်နှင့် (၇) ယူနိုက်တက်အမရဘဏ်တို့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ (၂-၈-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ချေးငွေရရှိရေးလုပ်ငန်း (Working Committee) က အတည်ပြုရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ချေးငွေ ဂျပန်ယန်း ၃ ဘီလီယံနှင့် ညီမျှသော မြန်မာကျပ် ၃၆ ဘီလီယံခန့်အား ရွေးချယ်ထားသည့် PFIs ဘဏ်(၇)ခုမှတစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အသေးစားနှင့်အလတ်စား စီးပွာရေးလုပ်ငန်း SMEs များသို့ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂျပန်ယန်း (၁၁.၅) ဘီလီယံ (မြန်မာကျပ် (၁၅၁.၆၈၅) ဘီလီယံ ခန့်) ကို ချေးငွေထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
- မြန်မာ့စီးပွားရေးဘဏ်